၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့(မတ် ၂၃ ရက်) ညနေ ၄ နာရီတွင် ရန်ကုန်မြို့ Myanmar Event Park ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကျင်းပပုံများကို ယနေ့ ညနေ ၃ နာရီမှစတင်ပြီး မြန်မာ့ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။